Monday, July 2, 2012

အ၀တ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား........


ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အ၀တ်အစားလဲခန်း..... (အ၀တ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ
မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ
တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်
ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို
ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone
နဲ့စမ်းသပ်တဲ့နည်းပါပဲ။
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ Hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကို
အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ...
 
ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ
မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ်
နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယ၀င်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့
သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်
သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ်
စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ
သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို
သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင်ပါ။

၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way
mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို
လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့
သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့
သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေး နံပါတ် ၁ website

website ကတော့ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အကောင်း ဆုံး နံပါတ် ၁ website ဖြစ်ပါတယ်။ website မှာ အသုံးပြုသူ User တွေ အနေနဲ့၊ ကိုယ့်ရဲ့ English Grammer and Vocalulary Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။

ဒါ့အပြင် Register လုပ်ပြီး User Log-in နဲ့ ဝင်မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email Test တွေ ရယူဖြေဆိုပြီး ကိုယ့်ရဲ့ ရမှတ်ကိုလည်း ပြန်လည် ကြည့်ရှုလို့ ရပါတယ်။ ဒီ Website က သူ့ရဲ့Test တွေကို အပတ်စဉ် Update လုပ်ပေးတဲ့အတွက် ဝင်ရောက် လေ့လာတဲ့ နေရာမှာ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

Facebook ကြောင့် ပျောက်ကွယ်တော့မည့် Text Message

စမတ်ဖုန်း သုံးသူ များသည် Facebook ၌ပင် အချိန်များ ကုန်ဆုံး ကြသဖြင့် text message များ ပို့ရန် အချိန်မရှိဘဲ ဖြစ်လာကြ ကြောင်း လေ့လာမှုများ အရ သိရ ၏။ နှစ်ပေါင်း များစွာပင် ကမ္ဘာ အနှံ့မှ ဖုန်းကုမ္ပဏီများမှာ SMS ဖြင့် ဝင်ငွေများစွာ ရရှိခဲ့ကြသည်။
ယခုအခါ ၄င်းတို့၏ ခေတ်မှာ ရုတ် တရက် ကုန်ဆုံးသွားပြီး သုံးစွဲသူ များ၏ အလေ့အကျင့် ပြောင်းလဲ သွားသဖြင့် မာ့ခ်ဇူကာဘက် အဖို့ ကျေနပ်စရာ ခေတ်သို့ ရောက် လာခဲ့သည်။ ဖုန်းကုမ္ပဏီများမှာ SMS အသုံးပြုသူများကို Facebook ထံ အမြောက်အမြား ဆုံးရှုံးလျက် ရှိသည်။
Facebook အသုံးပြုသူ ပေါင်း သန်း ၈၀ဝ ကျော် ရှိသလို ထိုအထဲမှ ၄၂၅ သန်းမှာ ဖုန်းများ နှင့် Facebook ကို အသုံးပြုလျက်ရှိကြ၏။ အသုံးပြုသည့် မိနစ်နှင့် ထွက်ချက်လျှင် Facebook သည် ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ထက်ပင် ပို၍ သတင်းပေးပို့မှုများ ကြောင်း တွေ့ရသည်။
Google သည် ဖုန်းကုမ္ပဏီ များအတွက် အကြီးမားဆုံး အန္တ ရာယ်ဟု သတ်မှတ်ကြသူများမှာ Facebook အသုံးပြုသူ သန်း ၈၀ဝ ကျော်၏ ဆက်သွယ်ရေးစနစ် ပြောင်းလဲလာပုံကို သတိမပြုမိ ခြင်းကြောင့်ပင် ဖြစ်သည်။
Facebook သည် မိသားစုနှင့် မိတ်ဆွေ များ အချင်းချင်း ဆက်သွယ်ရန် သုံးရသော ကြားခံကိရိယာဖြစ် နေခြင်းကလည်း အားသာချက် ဖြစ်လာ၏။ Facebook သည် ဖုန်းကုမ္ပဏီများအတွက် အနှောင့် အယှက်ဖြစ်လာပုံမှာ အင်တာနက် က ရုပ်ရှင်ထုတ်လုပ်ရေးအား ထိခိုက်ပုံမျိုးနှင့် ဆင်တူ၏။

Google, Skype, Twitter နှင့် MSN တို့မှာ ဖုန်းကုမ္ပဏီများ အတွက် Facebook လောက် ဂရုပြုစရာမရှိပေ။ မေးခွန်းတစ်ခု မှာ ဖုန်းကုမ္ပဏီများမှ Facebook ကြောင့် ဝင်ငွေနည်းလာသောကိစ္စ အားထိန်းသိမ်း၍ SMS ကို မ ပျောက်ပျက်အောင် လုပ်နိုင်မလား ဟု မေးနိုင်၏။

တစ်နည်းကျန်နေ သေးသည်မှာ ဒိန်းမတ်တွင် ကျင့် သုံးသလို SMS Service အား mobile data နှင့် တစ်ပါတည်း ပူးတွဲ ရောင်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါ ဒိန်းမတ်မှ ဖုန်းအားလုံး လိုလိုမှာ SMS အား ပူးတွဲဝယ် ကြပြီး အလကားရသလို သုံးချင် သုံး မသုံးချင်နေ သဘောထား ကြကြောင်း တွေ့ရ၏။

Sunday, July 1, 2012

ပထမဆုံး Cloud နည်းပညာသုံး Server ဝန်ဆောင်မှု လုပ်ငန်း စတင် ပေါ်ပေါက်လာ

Google, Microsoft , Apple အစ ရှိသော ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးများ အသုံးပြု လျက်ရှိသော cloud နည်းပညာ အတိုင်း မိမိ၏ Web Server, Mail Server,Game Server, File Server, Media Server များကို အသုံးပြုလို ပါက ဝန်ဆောင်မှု ပေးနိုင်မည့် မြန်မာ နိုင်ငံ၏ ပထမဆုံး cloud နည်း ပညာသုံး Virtual Private Cloud Server ဝန်ဆောင်မှုလုပ်ငန်းကို Myanmar Soft-Gate Technology Co.,Ltd မှစတင်လိုက်ပြီ ဖြစ်ကြောင်းသိရ သည်။

Cloud Technology ကို အသုံး ပြုထားသော server တစ်ခုမှ website လွှင့်တင်ခြင်းသည် Web Traffic များအား ပိုမိုခံနိုင်ရည်ရှိခြင်း၊ D DOS Attack အား ကာကွယ် နိုင်ခြင်း၊ Website များ ပိုမိုလျင်မြန်စွာတက် ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ရိုးရိုး server များ ထက် အဆ ၂၀ပို၍မြန်ဆန်သောကြောင့် သုံးစွဲသူ များပြား၍ လေးလံခြင်းများ မဖြစ်နိုင်ကြောင်း သိရသည်။

"ကမ္ဘာပေါ်မှာတော့ ကုမ္ပဏီ တော်တော်များများ Cloud server သုံးနေကြပါပြီ။ ဥပမာအနေနဲ့ပြော ရရင် Google , Gmail, Hotmail, Facebook, Dropbox, iTune, eBay, Amozon စတဲ့ Website တွေဟာ cloud နည်း ပညာသုံးထားတဲ့အတွက် တစ် ကမ္ဘာလုံးက ဝိုင်းသုံးနေကြတာ တောင် Homepage မြန်မြန်ဆန် ဆန်တက် တာတွေ့ရမှာပါ" ဟု Myanmar Soft-Gate Technology Co., Ltd မှ Managing Director ကိုရန်နောင် စိုးကပြောသည်။

Cloud server ကို ချိတ်ဆက် အသုံးပြု ထိန်းချုပ်ရန်အတွက် user မှ မိမိ၏ ကွန်ပျူတာ၊ ဖုန်း၊ tablet တို့မှ လှမ်း၍အသုံးပြုနိုင်ပြီး Android, Linux, Window စသည့် OS မျိုးစုံဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။ ထိုသို့လှမ်း၍ access လုပ်နိုင် ရန်အတွက် အင်တာနက် connection သည် 128KB per sec သာရှိ ရန်လိုအပ်ပြီး Window OS ဖြစ်ပါက Remote Desktop Software, Linux OS ဖြစ်ပါက rdesktop software, Android OS အတွက် 2X client software, iphone, ipad အတွက် jump Desktop Software ဖြင့်ချိတ်ဆက်ထိန်းချုပ်နိုင် မည်ဖြစ်ပါသည်။

Cloud Server Hosting လုပ်မယ်ဆိုရင် သူကရိုးရိုး hardware တွေနဲ့မတူတာက resources အ တွက်ကုန်ကျစရိတ်မရှိပါဘူး။ လစဉ် ကြေးပေးဆောင်သွားရုံပါပဲ။ လစဉ် ကြေးတွေက resources တွေနဲ့ လိုက်ပြီး ကွဲပြားသွားပါတယ်။ ဈေး နှုန်းကတော့ တစ်လကို ၃၅,ဝ၀ဝ ကျပ်ကနေ ၂၆၅,ဝ၀ဝ ကျပ်အထိရှိပါတယ်။

Server တစ်ခု hosting လုပ်တော့မယ်ဆိုရင်တော့ server only ဆိုရင် ၂၄ နာရီအတွင်းရပြီး server configuration ပါ ချပေးရမယ် ဆိုရင် ၄၈ နာရီအတွင်း ရရှိနိုင် ပါတယ်"ဟု ကိုရန်နောင်စိုးကပြော သည်။

ပြည်တွင်းတွင် ပထမဆုံး စတင်လိုက်သော နည်းပညာဝန် ဆောင်မှုဖြစ်သောကြောင့် ကုမ္ပဏီ အများအပြား စိတ်ဝင်စားကြပြီး Cloud Server အဖြစ် အသုံးပြုလျက် ရှိကြောင်း သိရသည်။

Cloud Server နှင့်ပတ်သက် ၍ အသေးစိတ်အချက်အလက် များကို www.myanmarvps.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Myanmar Soft-Gate Technology Co., Ltd ဖုန်း - ဝ၁-၅၁၀၅၅၄ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

Saturday, May 12, 2012

Proxy Serverဆိုတာဘာလဲ???






တာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Updateမလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ

    Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
    Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ

    Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များ များမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြ ပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy

    Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။

SOCKS Proxy

    သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy

    CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။


FTP Proxy

    FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး

    အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ် က လဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။  ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
    ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
    ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေ ကို မဆိုလိုပါ)

    ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့.......
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါ တယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons