skip to main |
skip to sidebar

11:16 PM

heinminaung
No comments
Google,
Microsoft , Apple အစ ရှိသော ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးများ အသုံးပြု
လျက်ရှိသော cloud နည်းပညာ အတိုင်း မိမိ၏ Web Server, Mail Server,Game
Server, File Server, Media Server များကို အသုံးပြုလို ပါက ဝန်ဆောင်မှု
ပေးနိုင်မည့် မြန်မာ နိုင်ငံ၏ ပထမဆုံး cloud နည်း ပညာသုံး Virtual Private
Cloud Server ဝန်ဆောင်မှုလုပ်ငန်းကို Myanmar Soft-Gate Technology Co.,Ltd မှစတင်လိုက်ပြီ ဖြစ်ကြောင်းသိရ သည်။
Cloud Technology ကို အသုံး ပြုထားသော server တစ်ခုမှ website
လွှင့်တင်ခြင်းသည် Web Traffic များအား ပိုမိုခံနိုင်ရည်ရှိခြင်း၊ D DOS
Attack အား ကာကွယ် နိုင်ခြင်း၊ Website များ ပိုမိုလျင်မြန်စွာတက်
ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ရိုးရိုး server များ ထက် အဆ ၂၀ပို၍မြန်ဆန်သောကြောင့် သုံးစွဲသူ များပြား၍ လေးလံခြင်းများ မဖြစ်နိုင်ကြောင်း သိရသည်။
"ကမ္ဘာပေါ်မှာတော့ ကုမ္ပဏီ တော်တော်များများ Cloud server သုံးနေကြပါပြီ။
ဥပမာအနေနဲ့ပြော ရရင် Google , Gmail, Hotmail, Facebook, Dropbox, iTune,
eBay, Amozon စတဲ့ Website တွေဟာ cloud နည်း ပညာသုံးထားတဲ့အတွက် တစ်
ကမ္ဘာလုံးက ဝိုင်းသုံးနေကြတာ တောင် Homepage မြန်မြန်ဆန် ဆန်တက်
တာတွေ့ရမှာပါ" ဟု Myanmar Soft-Gate Technology Co., Ltd မှ Managing
Director ကိုရန်နောင် စိုးကပြောသည်။
Cloud server ကို ချိတ်ဆက်
အသုံးပြု ထိန်းချုပ်ရန်အတွက် user မှ မိမိ၏ ကွန်ပျူတာ၊ ဖုန်း၊ tablet
တို့မှ လှမ်း၍အသုံးပြုနိုင်ပြီး Android, Linux, Window စသည့် OS
မျိုးစုံဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။ ထိုသို့လှမ်း၍ access
လုပ်နိုင် ရန်အတွက် အင်တာနက် connection သည် 128KB per sec သာရှိ
ရန်လိုအပ်ပြီး Window OS ဖြစ်ပါက Remote Desktop Software, Linux OS
ဖြစ်ပါက rdesktop software, Android OS အတွက် 2X client software, iphone,
ipad အတွက် jump Desktop Software ဖြင့်ချိတ်ဆက်ထိန်းချုပ်နိုင်
မည်ဖြစ်ပါသည်။
Cloud Server Hosting လုပ်မယ်ဆိုရင် သူကရိုးရိုး
hardware တွေနဲ့မတူတာက resources အ တွက်ကုန်ကျစရိတ်မရှိပါဘူး။ လစဉ်
ကြေးပေးဆောင်သွားရုံပါပဲ။ လစဉ် ကြေးတွေက resources တွေနဲ့ လိုက်ပြီး
ကွဲပြားသွားပါတယ်။ ဈေး နှုန်းကတော့ တစ်လကို ၃၅,ဝ၀ဝ ကျပ်ကနေ ၂၆၅,ဝ၀ဝ
ကျပ်အထိရှိပါတယ်။
Server တစ်ခု hosting လုပ်တော့မယ်ဆိုရင်တော့
server only ဆိုရင် ၂၄ နာရီအတွင်းရပြီး server configuration ပါ ချပေးရမယ်
ဆိုရင် ၄၈ နာရီအတွင်း ရရှိနိုင် ပါတယ်"ဟု ကိုရန်နောင်စိုးကပြော သည်။
ပြည်တွင်းတွင် ပထမဆုံး စတင်လိုက်သော နည်းပညာဝန် ဆောင်မှုဖြစ်သောကြောင့်
ကုမ္ပဏီ အများအပြား စိတ်ဝင်စားကြပြီး Cloud Server အဖြစ် အသုံးပြုလျက်
ရှိကြောင်း သိရသည်။
Cloud Server နှင့်ပတ်သက် ၍ အသေးစိတ်အချက်အလက် များကို www.myanmarvps.com
တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Myanmar Soft-Gate Technology Co., Ltd
ဖုန်း - ဝ၁-၅၁၀၅၅၄ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment