Monday, July 2, 2012

Facebook ကြောင့် ပျောက်ကွယ်တော့မည့် Text Message

စမတ်ဖုန်း သုံးသူ များသည် Facebook ၌ပင် အချိန်များ ကုန်ဆုံး ကြသဖြင့် text message များ ပို့ရန် အချိန်မရှိဘဲ ဖြစ်လာကြ ကြောင်း လေ့လာမှုများ အရ သိရ ၏။ နှစ်ပေါင်း များစွာပင် ကမ္ဘာ အနှံ့မှ ဖုန်းကုမ္ပဏီများမှာ SMS ဖြင့် ဝင်ငွေများစွာ ရရှိခဲ့ကြသည်။
ယခုအခါ ၄င်းတို့၏ ခေတ်မှာ ရုတ် တရက် ကုန်ဆုံးသွားပြီး သုံးစွဲသူ များ၏ အလေ့အကျင့် ပြောင်းလဲ သွားသဖြင့် မာ့ခ်ဇူကာဘက် အဖို့ ကျေနပ်စရာ ခေတ်သို့ ရောက် လာခဲ့သည်။ ဖုန်းကုမ္ပဏီများမှာ SMS အသုံးပြုသူများကို Facebook ထံ အမြောက်အမြား ဆုံးရှုံးလျက် ရှိသည်။
Facebook အသုံးပြုသူ ပေါင်း သန်း ၈၀ဝ ကျော် ရှိသလို ထိုအထဲမှ ၄၂၅ သန်းမှာ ဖုန်းများ နှင့် Facebook ကို အသုံးပြုလျက်ရှိကြ၏။ အသုံးပြုသည့် မိနစ်နှင့် ထွက်ချက်လျှင် Facebook သည် ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီ ထက်ပင် ပို၍ သတင်းပေးပို့မှုများ ကြောင်း တွေ့ရသည်။
Google သည် ဖုန်းကုမ္ပဏီ များအတွက် အကြီးမားဆုံး အန္တ ရာယ်ဟု သတ်မှတ်ကြသူများမှာ Facebook အသုံးပြုသူ သန်း ၈၀ဝ ကျော်၏ ဆက်သွယ်ရေးစနစ် ပြောင်းလဲလာပုံကို သတိမပြုမိ ခြင်းကြောင့်ပင် ဖြစ်သည်။
Facebook သည် မိသားစုနှင့် မိတ်ဆွေ များ အချင်းချင်း ဆက်သွယ်ရန် သုံးရသော ကြားခံကိရိယာဖြစ် နေခြင်းကလည်း အားသာချက် ဖြစ်လာ၏။ Facebook သည် ဖုန်းကုမ္ပဏီများအတွက် အနှောင့် အယှက်ဖြစ်လာပုံမှာ အင်တာနက် က ရုပ်ရှင်ထုတ်လုပ်ရေးအား ထိခိုက်ပုံမျိုးနှင့် ဆင်တူ၏။

Google, Skype, Twitter နှင့် MSN တို့မှာ ဖုန်းကုမ္ပဏီများ အတွက် Facebook လောက် ဂရုပြုစရာမရှိပေ။ မေးခွန်းတစ်ခု မှာ ဖုန်းကုမ္ပဏီများမှ Facebook ကြောင့် ဝင်ငွေနည်းလာသောကိစ္စ အားထိန်းသိမ်း၍ SMS ကို မ ပျောက်ပျက်အောင် လုပ်နိုင်မလား ဟု မေးနိုင်၏။

တစ်နည်းကျန်နေ သေးသည်မှာ ဒိန်းမတ်တွင် ကျင့် သုံးသလို SMS Service အား mobile data နှင့် တစ်ပါတည်း ပူးတွဲ ရောင်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါ ဒိန်းမတ်မှ ဖုန်းအားလုံး လိုလိုမှာ SMS အား ပူးတွဲဝယ် ကြပြီး အလကားရသလို သုံးချင် သုံး မသုံးချင်နေ သဘောထား ကြကြောင်း တွေ့ရ၏။

1 comments:

MeriFain said...

Wow, a good article, very informative and easy to understand. In this article webcam black screen you can find out about your problem with the black web screen that occurs within Windows 10.

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons